သံသရာအဆက်ဆက် အသိမွဲတဲ့ လူမိုက်တွေနဲ့ဝေးပါစေ

ဖေဖေ မေမေလို ခေါ်တတ်ဖို အားယူနေတုန်း နှုတ်ကစကားမထွက်ခင်မှာ အကြမ်းဖက်သမားတွေရဲ့ ကျည်က ကလေး နုနယ်ဦးခေါင်းကိုဖောက်၀င်ခဲ့တယ်။

ရှေးဘ၀က သားဘာတွေလုပ်ခဲ့တယ်ဆိုတာ မသိပေမယ့် ဒီဘ၀မှာတော့ သားသား ဘာအမှားမှ မကျူးလွန်ခဲ့သေးပါဘူး ဖေဖေ နဲ့ မေမေ ရယ်။ မေမေ့နိုချိုတောင် ဝ အောင် မစိုရသေးခင် သားသား ခေါင်းမှာ သွေးတွေစို့နေပြီ။

ရခဲ့လှတဲ့ လူဘ၀မှာ မွေးမေမေနဲ့ ကျွေးဖေဖေကို ကျေးဇူးဆပ်ဖိုနေနေသာသာ
ဖေဖေ မေမေ လိုတောင် မခေါ်နိုင်ခင်သေးမှာပဲ သားသား လူဘ၀ ပြန်ထွက်ခွာသွားရပြန်ပြီ။

သံသရာအဆက်ဆက်မှာ အသိမွဲတဲ့ လူမိုက်တွေကြားမှာ ဖေဖေ နဲ့ မေမေ့ ရင်ခွင်က သားသားကို ခွဲထုတ်သွားတဲ့ လူမိုက်တွေကိုလည်း မမုန်းပါဘူး။

သားသား သေလို အကြမ်းဖက်မှုတွေချုပ်ငြိမ်းသွားမယ်ဆိုရင်
သားသား ကိုယ်စား ဖေဖေ နဲ့ မေမေ လည်း မျက်ရည်တွေအစား ရယ်သံတွေပဲလွှင့်ပေးပါ။

မျက်ရည်တွေလဲ ပျောက်ပါစေ…
မေတ္တာတွေလဲ မွှေးပါစေ….
ကလေးငယ်တွေလည်း ပျော်ခွင့်ရကြပါစေ…
ဒီကလေးကိုကြည့်ပြီး စိတ်တွေတော်တော်မကောင်းဖြစ်နေရတယ်။ မိဘတွေ ရင်ကွဲနေလောက်ပြီ။