ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ဖမ်းမိ

ရှမ်းပြည်နယ်မှသယ်လာကာ စစ်ကိုင်းတိုင်းတွင်ရောင်းချမည့် ငွေကျပ် ၃ ဒသမ ၆၉ ဘီလီယံတန် ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့်စိတ်ကြွဆေးပြား ၁၀ သိန်းကျော်အား ကလေးမြို့နယ်တွင် အောက်တို ဘာ ၁၈ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်း၊ကလေးမြိုနယ်၊နတ်ကြီးကုန်းကျေးရွာအနီးတွင် မန္တ လေးဘက်မှကလေးမြို့ဘက်သို ဧရာထွန်း(ခ)ဇေယျာထွန်း မောင်းကာ သီဟထွန်း လိုက်လာသည့်ကားကို တားဆီးစစ်ဆေးခဲ့ကြသည်။