စားအုန်းဆီ ၁ ပိသာ လက်ကားဈေး ၄၇၂၅ ကျပ်ဖြစ်လာ

       ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ် လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေး နှုန်းဖြစ်ပေါ်မှုများအရအောက်တိုဘာ ၂၄ ရက် မှ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၄,၇၂၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာထားသည်။

      ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ် ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။