မင်္ဂလာဒုံမြို့နယ်အတွင်း ဘုန်းကြီးအယောင်ဆောင်ကာ အလှူခံစားနေသူတွေကို ဖမ်းဆီး

မတ်လ ၂၂ရက်က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့ နယ် သင်္ဃန်းကျွန်းကြီးစံပြကျေးရွာတွင် သင်္ကန်းများ ဝတ်ဆင်ကာ ဘုန်းကြီး ဟန်ဆောင်ပြီး အလှူခံစားနေသည့် အမျိုးသား ခြောက်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ၁၀ နာရီခန့်က သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ အရှေ့ပိုင်းရှိ အဆောင်တွေကို ဧည့်စာရင်းစစ်ဆေးစဉ် ပတ်ချွတ်ခေါ်ဘုန်းကြီး အယောင်ဆောင်များ အားစစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။