“နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လျှောက်ထားလာသည့်ပါတီ ၃၃ ပါတီရှိပြီ”

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော လူ့ဘောင်သစ်ပါတီ (NSP) သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို ယမန်နေ့တွင် လာရောက်လျှောက်ထားခဲ့သည်ဟု သိရသည်။

ယခုအခါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၇ ပါတီဖြစ်၍ စုစုပေါင်း ၃၃ ပါတီရှိလာပြီဖြစ်သည်။

ယင်း ၃၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီမှာ ၈ ပါတီရှိပြီး ကျန်သော ၂၅ ပါတီတိုသည် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည်ဖြစ်ကြောင်း သိရသည်။