ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော နိုင်ငံတော်ဖြစ်ထွန်းရေးကို ရည်မှန်းဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ် ၆/၂၀၂၃ ၁၃၈၄ ခုနှစ် တပိုတွဲလဆန်း ၁၂ ရက် (၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်းထုတ်ပြန်ကြေညာပါသည်။