ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း လျှောက်လွှာများအား ၂၈-၁-၂၀၂၃ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ထုတ်ပေးလျက်ရှိရာ ၂၆-၂-၂၀၂၃ ရက်နေ့တွင်လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် လျှောက်လွှာထုတ်ယူလိုသူများ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများအနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှပိတ်ရက်မတိုင်မီ အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေးနှိုးဆော်ထားပါတယ်။ အသေးစိတ်သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်း-၀၃၆-၃၀၃၃၁ နှင့် ၀၃၆-၃၀၃၃၈) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ကြော်ငြာထားပါတယ်။