ပြည်သူ့စစ်မှုထမ်းအတွက် နိုင်ငံ့သားကောင်းများရဲ့စကားသံများ

နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက် အဖွဲ့အစည်းများက ပြည်သူလူထုအတွင်း ဝေဝါးအောင်၊ စိုးရိမ်ထိတ်လန့်၊ ကြောက် လန့်မှုဖြစ်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးမှုများ လုပ်ဆောင်လာကြသလို လူမှု ကွန်ရက်ပေါ်တွင်လည်း ကောလာဟလများဖြန့်ချိ၍ လူငယ်များကို ဆန့်ကျင်ဘက် အဖွဲ့အစည်းများထံ လမ်းမှား ရောက်အောင် တွန်းပို့လျက်ရှိပါတယ်။
အကြမ်းဖက်သမားများအနေဖြင့် ဘယ်လိုပဲသွေးဆောင်စည်းရုံးနေပါစေ. .မြန်မာ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံကာကွယ်ရေးသည် နိုင်ငံသားတိုင်း ၏ မြင့်မြတ်သောတာဝန်ဖြစ်သလို စစ်မှုထမ်းခြင်းသည် နိုင်ငံသားများအဖို့ ဂုဏ်ယူ ရသောတာဝန်ဖြစ်တာကြောင့် မျိုးချစ်လူငယ်အများအပြားဟာ နီးစပ်ရာ တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် တက်ရောက်နေကြပြီဖြစ်သလို ပြည်ဖျက် အကြမ်းဖက်များဖြစ်သည့် NUG/PDF များကို နှိမ်နှင်းဖို့ သွေးတစ်ကြွကြွဖြစ်နေသည့် လူငယ်များဟာလည်း အခုဆိုရင် တပ်မတော်သို့ ဝင်ရောက်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

မျိုးချစ်လူငယ်များရဲ့ ရင်တွင်းစကားသံများကို အခုတော့ မြင်ရ/ကြားရနိုင်ပြီဖြစ်သလို မြန်မာလူမျိုးဟာ အရေးကြီးလျှင် သွေးစည်း ခဲ့ကြပြီး အရေးကြုံလျှင် သွေးဆုံခဲ့ကြပြီဖြစ်ပါတယ်။

ယခုပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုသည်မှာလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ အတွက် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေမဟုတ်ပဲ နိုင်ငံတော်တည်တံ့ခိုင်မြဲရေး အတွက် ထုတ်ပြန်ထားသည့် ပြဌာန်းချက်တစ်ခုသာဖြစ်တာကြောင့် ပြည့်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တစ်ရပ်သာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။