အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းများအား ထောက်ပံ့ငွေများပေးအပ်

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄၁၈ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၀ ဒသမ ၉ သန်း၊ အသက် ၁၀၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ၁ သန်း စုစုပေါင်း ၂၁ ဒသမ ၉ သန်း ထပ်မံ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။