ပကခခေါင်းဆောင် သြဇာမှ ရေဦးပကဖအဖွဲ့များကို မီးရထားလမ်းများဖျက်ဆီးရန် စေခိုင်းနေ

စစ်ကိုင်း အကြမ်းဖက် ပကဖခေါင်းဆောင် “သြဇာ”မှ ရေဦးမြို့နယ် ပကဖ ခေါင်းဆောင် “မောင်မောင်”အား
ရေဦးမြို့နယ်အတွင်းရှိ မီးရထားသံလမ်းများကိုဖျက်ဆီးရန် စေခိုင်းတဲ့အတွက် ဖျက်ဆီးရန်ပြင်ဆင်နေပါတယ်…

ဒီလို ရထားသံလမ်းဖောက်ခွဲဖို့စေခိုင်းတဲ့ စစ်ကိုင်း ပကဖခေါင်းဆောင်ရဲ့အမိန့်ကို ရွှေဘို အကြမ်းဖက် PDF ခေါင်းဆောင်
မြင့်ထွေးက မကျေနပ်ဘူး…

ဒါကြောင့် မီးရထားသံလမ်းတွေကို မဖျက်ဆီးဖို့ရေဦး ပကဖ ခေါင်းဆောင် “မောင်မောင်”စီကိုသွားပြီး
ရွှေဘို PDFခေါင်းဆောင်” မြင့်ထွေး”က ညှိတယ်… ဒါပေမယ့် ညှိလို့မရဘူး

“မောင်မောင်”က မီးရထားသံလမ်းတွေကိုဖျက်ဆီးမှာပဲဆိုပြီးပြန်ပြောတယ်…

ဒီကောင်တွေ ညှိလိုမရတဲ့အကြောင်းတရားကလည်းရှိတယ်..

ဘာ့ကြောင့်လည်းဆိုတော့ ရေဦး ပကဖ မောင်မောင်က ရေဦးမြို့နယ်အတွင်းမှာရှိတဲ့
ရွှေမျောတွေကို ဆက်ကြေးကောက်တယ်…ရွှေထွက်တာကို သိနေတဲ့ ရွှေဘို PDF မြင့်ထွေး ကလည်း
မောင်မောင်ရဲ့ ဂွင်ထဲမှာရှိတဲ့ ရွှေမျောတွေကိုဆက်ကြေးကောက် ထပ်ကောက်တယ်…ဒါကို ရေဦး ပကဖ မောင်မောင်ကလည်း ဂွင်ကျော်တယ်ဆိုပြီးမကျေနပ်ဘူး…ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင်မောင်နဲ့မြင့်ထွေး ငြိထားကြတယ်ပေါ့ဗျာ…

ယခု စစ်ကိုင်း ပကဖ ခေါင်းဆောင် သြဇာရဲ့ အမိန့်အတိုင်းရေဦး ပကဖ ခေါင်းဆောင် မောင်မောင်က မီးရထားသံလမ်းတွေကို
ဖျက်ဆီးဖိုလုပ်နေတော့ ယခင်မကျေနပ်ချက်တွေနဲ့အတူ ရွှေဘို PDF မြင့်ထွေး ကန့်လန့်တိုက်ပြီလေ…

အများပြည်သူကို ဒုက္ခရောက်အောင်လုပ်နေတဲ့ ကောင်တွေသိပ်မကြာခင်မှာပဲ ဇာတ်သိမ်းတော့မှာပါ…