အထူးထုတ်၂၀၀ကျပ်တန်စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးရောင်းချပေးမည်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အထူးထုတ် ၂၀၀ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ရောင်းချပေးသွားမယ်လို့ မြန်မာ့စာတိုက်ကြီးလုပ်ငန်းက အသိပေးကြေညာထားပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းကနေ ဖေဖော်ဝါရီ၁၂ရက် မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့အတွက် အထူးထုတ်ထားတဲ့စာပို့တံဆိပ်ခေါင်းကို အဲ့ဒီ့နေ့ရဲ့ နံနက် ၉နာရီခွဲအချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊မန္တလေးစာတိုက်ကြီးတို့နဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်များရှိ စာတိုက်များမှာရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အတွက်ရည်ရွယ်အထူးထုတ်တဲ့စာပို့တံဆိပ်ခေါင်းသစ်ရဲ့ ပုံစံမှာ တိုင်းရင်းသားမျိုးနွယ်စုဝတ်စားဆင်ယင်ထားပုံများအပါအဝင် ပြည်ထောင်စုလွှတ်တော်နဲ့ပင်လုံကျောက်တိုင်၊စည်းလုံးမှုကိုပြသတဲ့ ပုံရိပ်များစုပေါင်းစုစည်းထားတဲ့ တံဆိပ်ခေါင်းပုံဖြစ်ကြောင်းသိရပါတယ်။