မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဘယ်အရွယ်မှာ
သေရမယ်မှန်း မသိနိုင်တာမို့

ဘယ်အချိန်ရောက်မှ
အေးအေးဆေးဆေး ကုသိုလ်တရားကို

ဇောက်ချလုပ်မယ်လို့လည်း
ကိုယ့်ဘ၀ကို မျှော်မှန်းမထားပါနဲ့ ။

ဘ၀ဆိုတာ အမြဲတမ်းလိုလို
ပြိုနေ ပျက်နေတာဖြစ်လို့
ဓမ္မနဲ့ယှဥ်တွဲထားမှအဆင်ပြေပါတယ် ။

ဘ၀ဆိုတာ
အပူအရှုပ်တွေအရမ်းပေါတာဖြစ်လို့
တရားနဲ့မှပဲ ငြိမ်းနိုင်ရှင်းနိုင်ပါတယ်။

ဒါကြောင့်
ဘ၀ရပ်တည်ဖို့အရေးလည်းလုပ်ပါ ။

ဒါနသီလဘာ၀နာလို့ဆိုတဲ့
ကုသိုလ်လည်းတွဲလုပ်ထားကြပါ ။

ကုသိုလ်တရားတွေ
နေ့တိုင်းဆက်လာတဲ့ သူအဖို့ဟာ

သေဖို့ရက်ကို ရောက်လာလည်း
အဆင်ပြေပြေ ရင်ဆိုင်နိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏