ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီကရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊အမှတ်(၁)ရပ်ကွက်၊ ချယ်လီလမ်း တွင် မီးလောင်မှုဖြစ်ပွါးခဲ့တာပါ။

ယင်းမီးလောင်မှုကို ကျောက်မဲခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တို့ဖြင့်ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၀၄ ၂၀ အချိန်တွင် မီးငြိမ်းတယ်လို့ မီးသတ်က ပြောပါတယ်။