ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘော မီးလောင်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံ၊ အလတ်ချောင်းရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၌ ဒီဇယ်ဆီတင်လာသော ကုန္ဒ ၆ ရေယာဥ်မှာ မတ်လ ၁ ရက် နံနက်အစောပိုင်းက မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဥ်မှာ ဦးဝဏ္ဏဆိုသူပိုင်ဆိုင်သော MV သင်္ဂဇာကုန်တင်ရေယာဥ်သို့ ကုန္ဒ ၆ ဒီဇယ်ဆီတင်ရေယာဥ်မှ ဆီဂါလံ ၂၅၀၀ ကို ရေမြုပ်ပန့်ဖြင့် ပေးပို့နေစဥ် ရေမြုပ်ပန့်အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရပါတယ်။ #Crd