မေလ (၈) ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

🟢 မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာရွာရှိ မြို့သာရဲစခန်းကို PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်တိုက်ခိုက်။

🔸 သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအတွက် ဆန်စပါးစုဆောင်းထားမှုနှင့် ဖူလုံမှုအပြည့်အဝရှိကြောင်း ဆန်စပါးအသင်းချုပ်အသိပေး။

🟢 အမရပူရမြို့နယ် စိတ်ကျန်းမာရေးဆေးရုံဝန်း ဝန်ထမ်းလိုင်းခန်း၌ အခန်းအလုံပိတ် မီးစက်မောင်းရာမှ မီးခိုးငွေ့များ ရှူရှိက်မိ၍ အသက်ရှူကြပ်ကာ သေဆုံးမှုဖြစ်ပွား။

🔸 မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အကြမ်းဖက် PDFများမှ လာရောက်ပစ်ခတ်ခဲ့ရာ ကျား-၁ဦး မ-၂ဦး ထိခိုက်ဒဏ်ရာရရှိ။

🟢 တနင်္သာရီတိုင်း မြိတ်-မောတောင်သွားလမ်း၌ ခရီသည်တင် မော်တော်ယာဉ် ၂စီးအား အကြမ်းဖက် PDF များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျား-၄ဦး မ-၁ဦး ထိခိုက်ဒဏ်ရာရရှိ။

🔸 ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက် ၆၅(ဘီ)လမ်းနှင့် ၁၀၄ လမ်းထောင့်ရှိ ပြည်တွင်းအခွန်ဦးစီးဌာနရုံးအားလက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးမှုဖြစ်ပွား။

🟢 ပုသိမ်ကြီးမြို့နယ် လိုင်းပေါက်ကျေးရွာနေ ရာအိမ်မှူး ၁ဦးအား အကြမ်းဖက် PDF များမှ ပစ်ခတ်ထွက်ပြေး။

🔸 မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် PDF အကြမ်းဖက်များနှင့် ပစ်ခတ်မှုဖြစ်ပွား။

🟢 စစ်ကိုင်းတိုင်း မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် PDF အကြမ်းဖက် ကျား-၁ဦးအား ဖမ်းဆီးရမိ။

🔸 မကွေးတိုင်း ထီးလင်းမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း အကြမ်းဖက် PDF များက Drone ဖြင့် ဗုံးပစ်ချဖောက်ခွဲမှုပြုလုပ်။

🟢 စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သင်ပေါင်းကား ကျေးရွာအနီးတွင် KIA/PDF အကြမ်းဖက် ၁လောင်းနှင့် ၁လက်ရရှိ။

🔸 ပြည်မြို့နယ် တဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့အား အကြမ်းဖက် PDF များမှ ပစ်ခတ်သတ်ဖြတ်။

🟢 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင်မူဆလင်ဒုက္ခသည်စခန်းတွင် မီးလောင်မှု ဖြစ်ပွား။

🔸 ဒေသခံများထံမှ ရယူထားသည့် ဆန်အိတ် ၁၆ သိန်းကျော်အား မုန်တိုင်းသင့် ရခိုင်ဒေသခံများအတွက် ပြန်ပေးမည်ဟု (AA) အမိန့်ထုတ်ပြန်။

🟢 ကျောက်ကြီး-နတ်သံကွင်းကားလမ်းရှိ မိုင်းထောင်ဖောက်ခွဲပျက်စီးသွားသည့် တံတားအား သွားရောက်စစ်ဆေးသည့် မြို့နယ်လမ်းဦးစီးအဖွဲ့ ထပ်မံမိုင်းဆွဲခံရမှုဖြစ်ပွား။

🔸 ကော့ကရိတ်မြို့ လခရ(၉၇)အား အကြမ်းဖက် KKO/PDF များမှ လာရောက်ပစ်ခတ်မှုဖြစ်ပွား။

🟢 မတ္တရာမြို့နယ် ဇီးဖြူပင်ကုန်းကျေးရွာအနီး လလဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး မ-၁ဦး ထိခိုက်ဒဏ်ရာရရှိ။

နိုင်ငံတကာသတင်းများ

🌍 ဆီးရီးယားနိုင်ငံကို အာရပ်အဖွဲ့ချုပ်ဝင်အဖြစ် အာရပ်နိုင်ငံများ၏ နိုင်ငံရေးဝန်ကြီးများမှ တညီတညွတ်တည်း လက်ခံ။

🌍 ဂျပန်ဝန်ကြီးချုပ် Fumio Kishida သည် ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိ။

🌍 တရုတ်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးကို ပါကစ္စတန်နိုင်ငံတွင် ကျင်းပခဲ့။