နှစ်သောင်းကျပ်တန်အသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍ မီဒီယာရှင်းလင်းပွဲပြုလုပ်

ဆင်ဖြူတော် ရတနာ “ရဋ္ဌနန္ဒက” ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေမှုအခြေအနေများ၊ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်များကို လဲလှယ်ထုတ်ပေးခြင်းကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်မှု ရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းရာတွင်

  • ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးမူဝါဒရှိမှု၊
  • အမျိုးသား ပြည်တွင်းထုတ်ကုန် GDP ရည်မှန်းချက်နဲ့အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်သော သီးသန့်ငွေကြေး ပမာဏအား တွက်ချက်ပြီး သတ်မှတ်ပမာဏအတွင်း ရောက်ရှိစေရန် ဆောင်ရွက်သည့် ငွေကြေးမူဝါဒဘောင်ကို အဓိကထား ဆောင်ရွက်လျက်ရှိမှု၊
  • နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမှတ်တရအနေနှင့် အကန့်အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်း ဖြစ်၍ ယခုအထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်မှု အခြေအနေများ၊
  • နှစ်သောင်းကျပ်တန် ငွေစက္ကူအား ထုတ်ဝေသွားမည့် နေ့ရက်နှင့် လဲလှယ်နိုင်မည့် နေ့ရက်များနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် ဇူလိုင်လ(၃၁)ရက်နေ့မှာ ထုတ်ဝေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဇူလိုင်လ(၃၁)ရက်နေ့မှစပြီး ရုံးဖွင့်ရက်များတွင် လာရောက်လဲလှယ်နိုင်မှုနှင့် ဟောင်းနွမ်းငွေစက္ကူများ လာရောက် လဲလှယ်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ အမှတ်တရ သိမ်းဆည်း ထားနိုင်ရန် အများဆုံး ၃ ရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည့် အခြေအနေ များအား ရှင်းလင်းဖြေကြားခဲ့ပါသည်။
  • အခြားသောနိုင်ငံများ၌ အထိမ်းအမှတ်အဖြစ် ငွေကြေး ထုတ်ဝေခြင်းနှင့်ပတ်သက်၍လည်းကောင်း၊  အထိမ်းအမှတ်အဖြစ် ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းကို အကြောင်းပြု၍ ကုန်စည်ဈေးနှုန်း ကစားကာ မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ်ရယူခြင်းများ (Speculation and Manipulation) ဆောင်ရွက်မှုကို အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများ နှင့်ပတ်သက်၍လည်းကောင်း၊ အများပြည်သူမှ ဗဟိုဘဏ်ငွေလဲ ကောင်တာများသို့ ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်ရာတွင် လိုအပ်သည့် အထောက်အထားများနှင့် သတ်မှတ်ချက်များနှင့်ပတ်သက်၍ ဖြေကြားခဲ့ကြောင်း သိရသည်။