မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာအနီးတွင် PDF ၁ ဦးဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် အောင်ချမ်းသာရပ်ကွက်၊ ကန်သာယာမြောက်ဘက်ရှိ ရွှေတောင်တန်း ဟိုတယ် အနီးအရောက်၌ ဟိုတယ်ဘေးရှိ လမ်းကြားအတွင်းမှ PDF ၂ ဦးမှ လုံခြုံရေးအဖွဲ့ဝင်များအား ပစ်ခတ်ရန် ၎င်းတို့လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ သေနတ်ထုတ်ယူနေသည်ကို မြင်တွေ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဂျူလှိုင်မီး(ခ)ကုလား အား ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ Sigsauer အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါသည်။