မုံရွာမြို့ပေါ်ရှိ နေအိမ်အား ဓားပြတိုက်ရန် ပြင်ဆင်နေသော PDF များအား ဖမ်းဆီးရမိ

မုံရွာမြို့ပေါ်ရပ်ကွက်များတွင်း အများပြည်သူများ အေးချမ်းစွာနေထိုင်ရေး အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ကန်သာဦးရပ်ကွက်ရှိ ရွာတော်ရှင်လမ်း၌ PDF များ ရောက်ရှိနေကြောင်း အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ နေလင်းဦး၊ ဖြိုးဝင်း တို့အားတွေ့ရှိခဲ့ပြီး ၎င်းတို ၂ ဦး သည် မုံရွာတွင်းရှိ နေအိမ် ၁ ခုအား ဓားပြတိုက်ရန် ဓားဦးချွန် ၁ ချောင်း၊ ကျောပိုးအိတ် ၁ လုံး၊ လိုင်စင်မဲ့ဆိုင်ကယ် ၁ စီး နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။