ညောင်ဦးမြိုနယ် လမ်းပေါ်တက် မိုင်းထောင်စဥ် ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက် ၂ ဦး သေဆုံး”

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာအုပ်စု၊ တက်ယာကုန်းကျေးရွာအနီး စဉ့်ကူကျေးရွာနှင့် တက်မကျေးရွာချင်းဆက်လမ်း၏ လမ်းလယ့်တက်၍ မိုင်းထောင်သည့် အကြမ်းဖက်သမား ၂ ဦးမှာ ၎င်းမိုင်းပေါက်ကွဲကာ သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဥ်သည် ယမန်နေ့ (ဇွန် ၁၈ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အသက် (၅၀) နှစ်အရွယ် အမျိုးသားတွင် ခန္ဓာကိုယ်အနှံ မိုင်းစထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း ၎င်းနေရာနှင့်အနီးတွင် အသက် ၄၀ နှစ်ကျော်အရွယ် အမျိုးသားမှာ အောက်ပိုင်းပြတ်ထွက်ဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်းအရ အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ့်ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးတဝိုက်မှ ရီမု ၁ လုံး၊ Panasonic အားသွင်းဓါတ်ခဲအနီရောင် ၁ လုံးကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။