ကျိုးကြောင်းသင့်အောင်ပြောတတ်ပါစေ

နေ့စဥ်ပြောနေကြစကားတွေမှာ
ဆားတွေလည်းပါသလို
အားတွေလည်းပါတယ် ။

မခံချင်အောင်ပြောလိုက်ရင်
ဆားနဲ့ပက်ခံရသလိုဖြစ်သွားတယ် ။

မေတ္တာစေတနာနဲ့ချိုချိုလေး
ပြောလိုက်မယ်ဆိုရင်
တစ်ဘက်လူမှာအားဖြစ်စေတယ် ။

ကိုယ်တစ်ယောက်ထဲ
စိတ်ဆိုးတတ်တာမဟုတ်ပါဘူး ။

တစ်ဘက်လူလည်း ဒေါသရှိလို့
စိတ်ဆိုးတတ်တဲ့အတွက်
သတိထားပြီးစကားဆင်ခြင်ပြောပါ ။

အပြောတွေက ယုတ်ညံ့လာရင်
ဒေါသမီးတွေ လောင်ပါတယ် ။

စကားပြောတဲ့အခါမှာ
ယဥ်ကျေးစွာနဲ ပညာရှိဆန်ဆန်
ပြောတတ်ဖို့လိုပါတယ် ။

မတရားတာတို့
မကြိုက်တာတို့တွေ့ခဲ့ရင်တောင်
ကိုယ့်ဒေါသကို အသုံးမချပဲ

တည်တည်ငြိမ်ငြိမ်နဲ့
ကိုယ့်ကို မထိခိုက်မိစေဖို့အတွက်

အကျိုးအကြောင်းသင့်အောင်
ပြောတတ်ဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏