ကော့သောင်းကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပို့ကုန်အသာစီး ဒေါ်လာသန်းချီရ

ဇန်နဝါရီလအတွင်း ကော့သောင်းကုန်သွယ်ရေးစခန်းမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့ခဲ့ပြီး ပို့ကုန်အသာစီး ဒေါ်လာသန်းချီရထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၉ ဒသမ ၆၆၃)သန်း၊ သွင်းကုန်တင်သွင်းမှုမှ အမေရိကန် ဒေါ်လာ (သုည ဒသမ ၈၄၇)သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၅၁၀ သန်း ရရှိထားတယ်လို့ ဆိုပါတယ်။

ကော့သောင်းကုန်သွယ်ရေးစခန်းမှ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းတို့ဖြစ်တယ်လို့ သိရပါတယ်။