မြန်မာပြည်သိန်းတန်၏ သီဆိုဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ဒီဇင်ဘာ ၂၃ရက်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံကျော်အဆိုတော်
မြန်မာပြည်သိန်းတန် ၏ ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော်သီဆိုဖျော်ဖြေပွဲကို နေပြည်တော်ရှိ
ဇေယျာသီရိဗိမာန် သဘင်ဆောင် အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ
ဒုတိယတပ်မတော် ကာကွယ်ရေးဉီးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း
တက်ရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
မြန်မာပြည်သိန်းတန် နှင့် အဖွဲ့က ရတနာပုံ၊ အောင်စေ-တည်စေ- ညီစေ၊ ယောသူတို့ရွာ၊ မဗေဒါ၊ စနေထောင့်မှာ
ပန်းလှုမယ်၊ မြစ်စုံသို့လွမ်းစိတ်မပြေ၊ ရွှေသုန္ဒရီ၊ သောကတောင်တန်း၊ ချစ်သူချင်းမို့သိနားလည်၊ ကောင်းသောည
စသည့် တေးသီချင်း များဖြင့် သီဆို၍ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသူများက
ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုအားပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
(ကြည်း)နှင့် ဇနီးတို့က မြန်မာပြည် သိန်းတန် နှင့်အဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)
မိသားစုများက လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၃၀၀)ကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။