နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှသံတွဲမြို့ ခရိုင်ပြည်သူ့ဆေးရုံ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြို့သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့ခရိုင်ပြည်သူ့ဆေးရုံ၌စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း များကို ဆောင်ရွက်ခဲ့ကြပါတယ်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ ဝင်များ၊ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခံတပ်မတော်သားများ စုပေါင်း၍  မြို့သန့်ရှင်း သာယာလှပရေး အတွက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြခြင်းဖြစ်ရာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့‌ကြောင်းသိရှိရပါတယ်။

crd mnp news