တစ်ပတ်အတွင်း အကြမ်းဖက်PDF များ၏သေဆုံးမှုစာရင်း

တိုင်းဒေသကြီးပြည်နယ်များအလိုက် မေလ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း အကြမ်းဖက် PDF များ၏ သေဆုံး/အရှင်ဖမ်းမိစာရင်းများပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းအတွင်းက PDF များအနေဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို မတိုက်ခိုက်ရဲတော့ဘဲ ကျေးရွာအတွင်း ဓားပြတိုက်/ဆက်ကြေးကောက်အဆင့်သာ ရောက်ရှိလာပါပြီဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာတော့ အကြမ်းဖက်သမားတွေအတွက် အိမ်မက်ဆိုးဖြစ်နေရတဲ့ ဒေသတစ်ခုဖြစ်နေပါပြီ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ သတင်းပေးမှု ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကြောင့် အကြမ်းဖက်သမားတွေကို မကြာခဏဖမ်းမိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အကြမ်းဖက် PDF တွေချုပ်ငြိမ်းဖို့ လုံခြုံရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။