မုန်တိုင်းသင့်ပြည်သူများအတွက် လိုအပ်သောပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် စစ်တွေမြိုသို့ ပိုဆောင်ပေးခဲ့ကြောင်းသိရပါတယ်။

ပထမအကြိမ်တွင် ဆန် ၅၀၀ အိတ်၊ ဘီစကတ် ၄၂၅ အိတ်နှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဒုတိယအကြိမ်တွင် ဆန် ၃၅၀ အိတ်၊ဘီစကတ် ၃၂၅ အိတ်၊ တပ်မတော်ဆေးအဖွဲ့များနှင့်ဆေးပစ္စည်းများကို ပိုဆောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။