သောက်သုံးရေရှားပါးသော ဆီဆိုင်မြို့အတွင်း သောက်သုံးရေလှူဒါန်း

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျေးလက်ဒေသဖွံဖြိုးတိုး တက်ရေး ဦးစီးဌာန ဒုညွှန်မှူး ဒေါ်လွင်လွင်ဦး၊ မြို့နယ်ကျေးလက် ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးထျာရယ်နှင့် ကျေးလက် ဝန်ထမ်းအဖွဲများသည်ဧပြီလ ၂၈ ရက်နေ့‌ နေ့လည်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ဖာလိုင် (အနောက်) ကျေးရွာရှိ ကျေးလက်နေ ပြည်သူများအား သောက်သုံးရေအဆင် ပြေစေရန် ရေဂါလန် ၁၀၀၀ ဆံ့ ရေသယ်ယာဉ် တစ်စီးဖြင့် စနစ် တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း၊ အဆို ပါကျေးရွာ၌ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ၅ ရက်တစ်ကြိမ် ဆက်လက်ဖြန့်ဝေလှူဒါန်းပေးသွားခြင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆီဆိုင်မြိုနယ်အတွင်းရှိကျေးလက်နေ ပြည်သူများအနေဖြင့် နွေရာသီကာလသောက်သုံးရေရှားပါး၍ ရေ‌ပြတ်လပ်မှု အခက်အခဲရှိပါက မြို့နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနသို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရှိရပါသည်။