တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ နစကဥက္ကဋ္ဌတက်ရောက်

၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ စင်တင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်းဝဲယာ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား၌ ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက်စသည့် သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။၊