မောင်တောမြို့နယ်တွင် မူးယစ်တရားခံပြေးတစ်ဦးအား AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွား

ဒီဇင်ဘာလ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်၊ငန်းချောင်းရွာအနီး ဆိုင်ကယ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ခန့်ဖမ်းဆီးရမိခဲ့သည့်အမှုမှ ကွင်းဆက်တရားခံပြေးဖြစ်သူ မာမက်ဆော်လိမ် ၂၀ နှစ်အားAA လက်နက်ကိုင်အဖွဲ တာဝန်ခံဦးဆောင်သည့်အဖွဲ့မှ ဆက်ကြေးပေးဆောင်ခြင်းမရှိသဖြင့် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။