ဒီဇင်ဘာ ၁ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ ကချင်ပြည်နယ်၊ ရှင်ဗွေယန်အနီးတွင် မနက် ၁၀ နာရီခန့်အချိန်၌ နယ်မြေရှင်းလင်းနေသောစစ်ကြောင်းနှင့် KIA/PDF ၅၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၂။ ကယားပြည်နယ်ရှိ လွိုင်ကော်လေဆိပ်၊ ရဲတပ်ဖွဲ့မှူးရုံးနှင့် ဒကစ(လွိုင်ကော်)နေရာများအား မနက်နှင့် နေ့လည်အချိန်များတွင် KNPP/KNDF ၆၀ ဦးတို့သည် Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၃။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ဆေးရုံ (၇/၁၀၀) သို့ ည ၇ နာရီခန့်တွင် KNPP/KNDF ၅၀ ဦးတို့ လာရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၄။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တံတားဦးဂိတ်၊ ဝင်းကြီးတံတား၊ လှိုင်ဝတံတားနှင့် ကျိုက်ဒုံလမ်းဆုံးတို့အား မနက် ၅ နာရီမှ ညနေ ၅ နာရီအချိန်ထိ KKO(ခွဲထွက်)မှ အင်အား အများအပြား လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၆။ ကရင်ပြည်နယ်၊ သင်္ကန်းညီနောင်မြို့နယ်ရှိ ကြို့ပင်ကာကင်းစခန်းနှင့် ရဲစခန်းအား မနက် ၇ နာရီခန့်တွင် KNLA တမဟ (၆)/ PDF ၅၀ ဦးခန့် လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၇။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းအား နေ့လည် ၁၁ နာရီခန့်တွင် AA သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က Drop Bomb များ၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ လေကြောင်းပစ်ကူယူပြီး ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ရန်သူမှာ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ ( AA အလောင်း ၃ လောင်း၊ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၈။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြကုန်းရွာအနီးတွင် မနက် ၁၀ နာရီခန့်က နယ်မြေရှင်းလင်းနေသောစစ်ကြောင်းနှင့် PDF ၆၀ ဦးတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သူများမှာ အလောင်းများ၊ ဒဏ်ရာရသူများကို သယ်ပိုးပြီး အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ ( PDF ၄ လောင်း၊ သေနတ်/ လုပ်စိန်ပြောင်းနှင့် ကျည်ဆန်/ဗုံးသီးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၉။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၏ အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် နေ့လည် ၁ နာရီခန့်က နယ်မြေရှင်းလင်းနေသောစစ်ကြောင်းနှင့် PDF များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ၏အလောင်း ၂ လောင်း၊ ကျည်ဆန် ၂၀၀၀၀၊ လက်ပစ်ဗုံး ၁၀၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၁၀။စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရှိ ခက်တောင်နေရာနှင့် ထွေ/အုပ်ရုံးနေရာများသို့ မနက် ၁၀ ကျော်ခန့်တွင် KIA/PDF ၁၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူကာ တိုက်ခိုက်ခဲ့၍ ရန်သူမှာ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၁၁။ မကွေးတိုင်း၊ ချောင်မြို့နယ်၊ နရွဲတောရွာအနီးတွင် ညနေ ၅ နာရီခန့်က နယ်မြေရှင်းလင်းနေသောစစ်ကြောင်း နှင့် PDF ၂၀ ဦးတို့ ထိတွေ့မှုဖြစ်ပွားပြီး ရန်သူမှာ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများ၏ ( ဆိုင်ကယ် ၈ စီး၊ လက်ပစ်ဗုံး/ကျည်ဆန်များ၊ Icon ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။