မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်

ကိုယ်နဲ့ထိုက်တာကိုယ်ရမှာ

ဘဝမှာ ရနေတာတွေ မှန်သမျှ
ကိုယ်နဲ့ ထိုက်တန်တာတွေ ရတာ၊
တစ်ရာတန်ရင် တစ်ရာပဲရမှာပဲ။

ကိုယ်က တစ်ရာတန်တဲ့ကံ လုပ်ခဲ့တယ်၊
တစ်ရာတန်တဲ့ လုံ့လဝီရိယ,တစ်ရာတန်
တဲ့ ကံ,ဉာဏ်,ဝီရိယရှိရင် တစ်ရာပဲ ရမှာ
ပေါ့။

တစ်ရာတန်လောက်ကလေး
ကံ,ဉာဏ်,ဝီရိယ လုပ်ထားပြီးတော့
တစ်ထောင်တန် ရချင်တယ်ဆိုလို့ရှိရင်
ကိုးရာဖိုး လောဘကြီးရာ ရောက်တယ်။

လောကကြီးက အင်မတန် တရားတယ်။
အပိုလည်း မပေးဘူး၊ အလိုလည်း မပေး
ဘူး၊ ကိုယ်ရနေတာတွေမှန်သမျှ ကိုယ်နဲ့
ထိုက်တန်တာ ရထားတာပါ။

အဲဒါကို နားလည်ထားတယ်၊ ယုံကြည်
ထားတယ်ဆိုရင် မကျေနပ်စရာ ဘာရှိ။

အခု လူတွေဟာလေ တစ်ရာတန်လေး
လောက် ကံလုပ်ခဲ့တယ်။ တစ်ရာတန်
လေးလောက် အစွမ်းအစ ထုတ်တယ်။

တစ်ရာတန်လောက် လုံ့လဝီရိယ ထုတ်
ပြီးတော့ တစ်ထောင်လောက်ရချင်တယ်။

အဲဒီတော့ နေ့တိုင်းနေ့တိုင်း ကိုးရာဖိုး
လောက် စိတ်ဆင်းရဲရတယ်။

🙏အရှင်ဥတ္တမ(သစ္စာရွှေစည်)🙏