ရဲဝံ့စွန့်စား ပြည်ချစ်သား(၁) နှစ်ပြည့် အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ

ရဲဝံ့စွန့်စားပြည်ချစ်သား Mobile Application (PCT) ကို ၉-၉-၂၀၂၃မှာ စတင်ဖွင့်လှစ် လွှင့်တင်လာခဲ့တာ အခုဆို ၁ နှစ်ပြည့်ကိုရောက်ရှိလာပြီး ဖြစ်ပါတယ်။ အခုလို ၁ နှစ်ပြည့်မြောက်ခဲ့တဲ့ အချိန်လေးအတွင်းမှာ အမှတ်တရလေးအနေနဲ့ အထိမ်းအမှတ်စားပွဲတင် တင်းနစ်ပြိုင်ပွဲအား ဖိတ်ခေါ်ယှဉ်ပြိုင်မှုကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း ပါဝင်ကစားသူ ပြိုင်ပွဲဝင် ၃၀ ဦး ယှဉ်ပြိုင်ကစားခဲ့ရာ

ပထမဆု ကိုတော့- ကိုနေအောင်လင်း

ဒုတိယဆုကိုတော့-ကိုဇာနည်

တတိယဆုကိုတော့- ကိုမျိုးအောင်တို့က ရရှိခဲ့ပါတယ်။ ဆုငွေအနေနဲ့ ပထမဆုအား ၃၀၀၀၀ ကျပ် ၊ ဒုတိယဆုအား ၂၀၀၀၀ ကျပ်၊ တတိယဆုကိုတော့ ၁၀၀၀၀ ကျပ်အား ချီးမြှင့်ပေးခဲ့ပါတယ်။ နောက်ထပ်ပြိုင်ပွဲတွေမှာလည်း မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သတင်းကောင်းပါးရင်း ရဲဝံ့စွန့်စား ပြည်ချစ်သား သုံးစွဲသူ တပ်မတော်သား၊ မိသားစုဝင်များအနေဖြင့် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပြီး ဘေးဘယာတွေဝေးကွာစေကြောင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများလည်း တိုက်ပွဲတိုင်းအောင်မြင်ပါစေလို့ ကျွန်မတို့ ရဲဝံ့စွန့်စား ပြည်ချစ်သား (PCT) အဖွဲ့မှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။