သမိုင်းထဲက တပ်မတော်

၁၉၄၈ ခုနှစ်ဖြစ်သည်။ ရဲဘော်ဖြူများ ကွန်မြူနစ်များ ထကြွမှု့ကြောင့် မြန်မာပြည်အနှံ့အပြား စစ်မီးများလောင်ကျွမ်းနေသော ကာလဖြစ်လေသည်။ ထိုကိစ္စများကို မဖြေရှင်းနိုင်သော ဖဆပလအစိုးရက ၁၉၄၈ သြဂုတ်လ ၁ ရက်နေ့တွင် ဗိုလ်နေဝင်းအား တပ်မတော် စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ အဖြစ် တာဝန်ပေးအပ်ခဲ့သည်။
ငှင်းအချိန်က တပ်မတော်သားဆိုတာကို လက်ချိုးရေ၍ ရသောကာလဖြစ်နေသည်။ ထိုအချိန်တွင် မြန်မာပြည်တစ်ပြည်လုံးကို ကွန်မြူနစ် KNU ရဲဘော်ဖြူနှင့် ဗကပတို့က သိမ်းပိုက်ထားကာ မင်းမဲ့စရိုက်ဆန်သော ကာလတစ်ခုကို ကြုံနေရသော အနေအထား ဖြစ်၍နေလေသည်။ ဧရာဝတီတိုင်း ကရင်ပြည်နယ် ရှမ်းပြည်နယ် မွန်ပြည်နယ်နှင့် မြန်မာပြည်အထက်၈တို့ကို ရောင်စုံသူပုန်များ သိမ်းယူထားလေသည်။ အစိုးရဘက်ကလည်း ခေါင်းခဲနေသည်။ KNUများက ရန်ကုန်တိုင်း အင်းစိန်အထိရောက်အောင်ပင် သိမ်းထားခဲ့လေသည်။
၁၉၅၀ခုနှစ် မေလ ၂၅ ရက်နေ့တွင် တရုပ်ဖြူတပ်များက နယ်စပ်မြို့ဖြစ်သည့် ကြူကုတ်ကို ဝင်ရောက်
တိုက်ခိုက်ခဲ့သည်။ ထိုကိစ္စနှင့်ပါတ်သက်၍ ဖဆပလအစိုးရ ခေါင်းခဲခဲ့ရပြန်သည်။ ထိုအရေးသည်ကို ကိုင်တွယ်ရန် နှစ်အနည်းငယ် ကြာခဲ့လေသည်။
၁၉၅၃၊ မတ်လ ၁ ရက်နေ့တွင် ကေအမ်တီ တရုပ်ဖြူ ကျူးကျော်မှု ပြသနာကို ကုလသမဂ္ဂထံ တင်ပြရန် ဖဆပလ အစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့သည်။ ၁၉၅၃၊ ဇွန်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ တရုပ်ဖြူတပ်များ ထွက်ခွာရေးအတွက် သဘောတူညီချက် မူကြမ်း ရရှိပြီဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။
၁၉၅၄၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ချစ်ကြည်ရေး ခရီးအဖြစ် တရုပ်နိုင်ငံ ပီကင်းမြို့သို့
သွားရောက်ကာ တရုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် မော်စီတုန်း၊ ချူတေး၊ လျူချောက်ချီ၊ ချူအင်လိုင်းတို့နှင့် တွေ့ဆုံကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူ (၅) ချက်ကို အတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်တွင် နယ်စပ်ဒေသ ငြိမ်းချမ်းစွာအတူနေထိုင်ရေးအတွက် ကြူကုတ် ပန်ဆိုင်းမြို့ကို ဦးနုကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရုပ်နယ်ပိုင်အဖြစ် ရောင်းချပေးခဲ့သည်။ ဒါကို ယနေ့အချိန်အထိ ဦးနေဝင်းရောင်းချခဲ့ကြောင်း လက်ညှိုးထိုးနေသူများလည်း ရှိခဲ့သည်။ တကယ်တော့ ကြူကုတ်ပန်ဆိုင်ကို ရောင်းချခဲ့သူမှာ ဖဆပလမှ ဦးနုသာဖြစ်ပါသည်။
၁၉၅၈၊ မေလ ၆ ရက်နေ့ ဦးနုနှင့် သခင်တင် အုပ်စုက သန့်ရှင်းဖဆပလ အဖြစ်၄င်း၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းက တည်မြဲဖဆပလ အဖြစ်၄င်း ဖဆပလအဖွဲ့ကြီး နှစ်ခြမ်းကွဲခဲ့သည်။ ဖဆပလ ၂ခြမ်းကွဲပြီး တိုင်းပြည်အခြေအနေ ပိုမိုစိုးရွားလာသည်နှင့်အမျှ ရခိုင်ပြည်နယ် မောင်တောဒေသတွင်လည်း မူဂျာဟစ်များက တစ်စခန်းထလေတော့သည်။
၁၉၆၀ကနေဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်ဘင်္ဂါလီသူပုန်များ၊ KNUများ၊ KNDOများ၏ ရိုက်ခတ်မှု့ဒဏ်ကို မခံနိုင်တော့သော ဦးနုအစိုးရက ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကို ၁၉၆၂မှာ အာဏာလွှဲပြောင်းပေးကာ လုပ်ကိုင်စေခဲ့သည်။
ခလရ ၄၅မှ ငရဲပွက်သံများ
၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတွင် ဦးနေဝင်းလက်ထက်က တရုတ်-ဗမာ အရေးအခင်းစတင်ဖြစ်ပွားခဲ့ရသည်။ ထိုအချိန်က မြန်မာတနိုင်ငံလုံး ရောင်စုံသူပုန်များ ဆူပူနေရုံမျှမက တပ်မတော်ကလည်း တပ်မ၇၇ တပ်မ၈၈ တပ်မ၉၉ စသော တပ်မကြီး၃ခုသာ ရှိခဲ့သည်။ ပဲခူးရိုးမကြီးတစ်ခုလုံးကို ဗကဘသူပုန်များ လွှမ်းမိုးထားရုံမျှမက ဗကပများသည် အခြားသော တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း စည်းရုံးမြှောက်ပေးနေသောကာလဖြစ်နေလေသည်။
၁၉၆၇ ဇွန်လ တရုတ်-ဗမာ ပဋိပက္ခကြီး ဖြစ်ပွားပြီးနောက် မြန်မာပြည်ပေါက် တရုတ်လူမျိုး အတော်များများ မြန်မာပြည်ကနေ စွန့်ခွာ ထွက်ပြေးကြပါတယ်။
တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်း အပါအ၀င် အင်အားစု တစ်ချို့ကို ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) အလံအောက်မှာ စုစည်းပြီး ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကို လက်နက်လူသူအင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။
ဇန်နဝါရီ (၁) ရက်နေ့မှာ တရုတ်တပ်ဖွဲ့၊ နော်ဆိုင်း တပ်ဖွဲ့နဲ့ ဗကပ ကိုယ်စားလှယ်တွေ ပါ၀င်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ကိုးကန့်ဒေသ မုန်းကိုး က အစိုးရတပ် ခလရ ၄၅ စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ထိုအချိန်က တစ်နိုင်ငံလုံးတပ်တွေ ဖြန့်ထားရတဲ့အတွက် ခလရ၄၅မှာ ကံကြမ္မာငင်ခဲ့ရပါတယ်။ သူပုန်အင်အား ၁၀၀၀၀ကျော်ခန့် အဖက်ဖက်မှ စီနင်းခဲ့ပြီး ခလရ ၄၅ စခန်းတစ်ခုလုံး ကျရှုံးခဲ့ရပါတယ်။ ခလရ ၄၅ စခန်းတစ်ခုလုံး သူပုန်လက်အောက် ကျရောက်ခဲ့ပါတော့တယ်။
ရဲဘော်တွေ အရှင်လတ်လတ် မီးရှို့အသတ်ခံခဲ့ရတယ်။ ဗိုလ်ကြီးတွေ လက်ဆစ်တွေ ခြေဆစ်တွေ ခုတ်ဖြတ်ပြီး ညှင်းဆဲ သတ်ဖြတ်ခံခဲ့ရပါတယ်။ ရဲမေတွေ မိန်းခလေးတွေ အပျိုအအိုမကျန် မုဒိမ်းကျင့်ခံခဲ့ရတယ်။ ၇နှစ်အရွယ်မိန်းကလေး၂ယောက်ဟာ ထိုစခန်းမှာပဲ မုဒိမ်းကျင့်ခံရလို့ သေဆုံးခဲ့ရတယ်။ ထိုအချိန်က ခလရ၄၅ စခန်းကြီးဟာ ငရဲပွက်သည့်အလား အော်ဟစ်ငိုသံ ညည်းသံများနှင့် သွေးရောင် လွှမ်းခဲ့ရပါတော့တယ်။
ထိုအချိန်က မြန်မာနိုင်ငံမှာ စစ်သည်အင်အား နည်းပါးနေတာက တစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေမှု့က တကြောင်း၊ မထင်မှတ်ပဲ ဝင်တိုက်ခဲ့တာက တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်ကူနောက်ကျခဲ့ပါတယ်။ ထိုနောက် ၃ရက်မြောက်နေ့မှာ ခလရ၄၅ကို တပ်မတော်က ပြန်လည်သိမ်းယူနိုင်ခဲ့သော်လည်း အလောင်းများနှင့် အနှိပ်စက်ခံ ရဲဘော်များ၊ ဘဝပျက်၍ ကြိုးဆွဲချခဲ့သော ရဲမေအလောင်းများသာ ပြန်ရခဲ့ပါတယ်။
ဒါဟာ မြန်မာပြည်ရဲ့ လူပိန်းတွေ မသိချင်ဟန်ဆောင်နေတဲ့ သမိုင်းဝင် ရင်နာစရာဖြစ်ရပ်တစ်ခုပါ။ ထိုခေတ်ကို NLDက နာယကကြီး ဦးတင်ဦးတို့ မှီခဲ့ပါတယ်။ ထိုအချိန်ကသာ တပ်မတော်မရှိခဲ့ရင် တပ်မတော်ကို စောက်ဖောင်းထုနေတဲ့ ဒီမိုတစ်အုပ် ဒီလိုနေလို့ရမယ် ထင်နေသလား ?
ဝမ်းနည်းစရာ အဖြစ်အပျက်ပါ။
တပ်မတော်အပေါ် စောက်ဖောင်းထုနေသူ အားလုံးလည်း ပြောလိုက်ပါရစေ။ တပ်မတော်ကို ဖွဲ့စည်းပုံထဲက ဖယ်ထုတ်ချင်ရင် MA တစ်လက်၊ ကျည်ဆံ ၂၅၀နဲ့ ၃ရက်စာ ရိက္ခာကိုသယ်ပြီး တစ်ရက်ကို ၃မိုင်လောက် လမ်းလျှောက်ပြခဲ့ပါ။
လွှတ်တော်ထဲကို ကားအကောင်းစားကြီးစီးပြီး လွှတ်တော်ထဲမှာ အိပ်ငိုက်ပြရုံ၊ အငြင်းသန်ပြရုံ၊ အလှပြင်နေရုံလောက်နဲ့ တပ်မတော်ကို ဖယ်ရှားဖို့ဆိုတာ ကတ္တရာလမ်းပေါ် ရေထွက်အောင် ဖင်ဆောင့်နေသလိုပါပဲလို့ ပြောလိုက်ပါရစေ။

ထိုအချိန်က_VOAနှင့်_BBCသတင်းလိမ်များ_တန်ခိုးထွားနေသော_ကာလဖြစ်ပါသည်။