အချိန်ဆိုတာ….

ကောင်းသည်ဖြစ်စေ၊
မကောင်းသည်ဖြစ်စေ
အချိန်ဆိုတာတော့ ကျော်လွန်သွားမှာပဲ။

မကောင်းတဲ့အချိန်တွေလည်း.. ကျော်လွန်သွားတာပဲ။
ကောင်းတဲ့အချိန်တွေလည်း..
ကျော်လွန်သွားတာပဲ။

ပျော်စရာကောင်းတဲ့အချိန်ကလည်း..
ကုန်သွားမှာပဲ။
စိတ်ပျက်စရာကောင်းတဲ့အချိန်ကလည်း… ကုန်သွားမှာပဲ။

ပျော်ရွှင်ခြင်း၊ စိတ်ပျက်ခြင်းဆိုတဲ့ကြားမှာ တန်ဖိုးရှိရှိကျော်လွန်ဖို့အတွက်
ကြိုးစားရမယ်။

ပျော်ရွှင်စရာအချိန်လို့လည်း
ကျေနပ်အားရမနေဘဲနဲ့၊
စိတ်ပျက်စရာကောင်းတဲ့အချိန်လို့လည်းပဲ စိတ်ပျက်မနေဘဲနဲ့
ဘယ်အချိန်ပဲဖြစ်ဖြစ် အမှန်တရားကိုသိရှိပြီး ကျော်ဖြတ်ရမယ်။ 🙏🙏🙏

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ