အာပူလျှာပူ သောက်ချင်ကြဘူးလားလို့ 🤤

ရခိုင်မုန့်တီ ပြုလုပ်နည်း

ငါးရွှေခြောက်အလွယ်တကူ ဝယ်လို့မရတဲ့နေရာဒေသမျိုးအတွက် ရည်ရွယ်ပြီးရေးပေးထားတာပါ။ ငါးရွှေခြောက်မရှိရင် ငါးကြင်းနဲ့ချက်လို့ရပါတယ်။ ငါးကြင်းတုံးကို ဆနွင်း ဆား အရသာမှုန့်နယ်ပြီး မီးအေးအေးဖြင့် ငါးကိုကင်ပေးပါ။ ဘက်အညီအမျှကို ၁၀မိနစ်ခန့် ကင်ပြီးနောက် အအေးခံကာ အသားများနွှင်ပေးထားပါ။

ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူခပ်များများ ထောင်းထားပေးပါ။ စားနိုင်မယ့်ရေပမာဏအား အိုးထဲသို့ထည့်ပါ။ ငပိစိမ်းစား ထောင်းထားသောအရာများနှင့် ငါးအသားဖတ်များ ဆား အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပေးပါ။ ရခိုင်မုန့်တီဟင်းရည်ရပါပြီ။

ငါးရွှေခြောက်နဲ့ချက်မယ်ဆိုရင် ငါးကိုကင်နေစရာမလိုပါဖူး။ ငါးရွှေခြောက်ကိုဖဲ့ပြီးပေးပြီးနောက် ကြက်သွန်ဖြူ ငရုတ်ကောင်းထောင်းတဲ့အဆင့်ကနေစပါမယ်နော်။

မန်ကျည်းသီးအနှစ်အားရေဖျော်ထားပေးပါ။
ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ။
ငရုတ်သီးအားပြုတ်ပြီး ထောင်းထားပေးပါ။ ပြီးမှ ရခိုင်မုန့်တီဟင်းရည်အနည်းငယ်ထည့်ပြီး ငရုတ်သီးအရည်ပျစ်ပျစ်လေးဖျော်ပေးထားပါ။ နံနံပင်လှီးထားပါ။ ပြီးနောက် မုန့်ဖတ် ဆီချက် ငါးဖယ်ကြော် ပဲကြော် ပဲသွေးတို့ဖြင့်တွဲဖက်စားလို့ရပါပြီ။