AA သောင်းကျန်းသူ အလိုမရှိကြောင်းဆန္ဒဖော်ထုတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြိုရှိ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက် နှင့် သန်တော်လီရပ်ကွက်တိုတွင် နေထိုင်လျက်ရှိသည့် ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ကိုလိုလားသော မွတ်ဆင်လူမျိုး ကျား/မ စုစုပေါင်း အင်အား( ၅၀၀ ) ကျော်ခန့်က မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါရပ်ကွက်/ ကျေးရွာတိုရှိ သတ်မှတ်စုရပ်နေရာများသို ငြိမ်းချမ်းစွာစုဝေးရောက်ရှိလာပြီး “ AA အလိုမရှိ”၊ “စစ်တွေမြိုကို ကာကွယ်ကြ” တိုက်ပွဲအလိုမရှိ”၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူအလိုမရှိ”၊ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်စီးနေသည့် AA အလိုမရှိ”၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်စီးနေသည့် NUG/AA အလိုမရှိ”၊ “အကြမ်းဖက်တိုက်ခိုက်မှု အလိုမရှိ”၊ ““ကျွန်ုပ်တိုသည် ပြည်တွင်းစစ်ကိုမလိုလားပါ” စသည့် စာသားများပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်လျက် သတ်မှတ်လမ်းကြောင်းများ အတိုင်းလှည့်လည်ကြွေးကြော်၍ ငြိမ်ချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြကြပြီး မူလစုရပ်နေများသို ပြန်လည်ရောက်ရှိကာ အေးချမ်းစွာလူစုကွဲသွားကြောင်း သိရှိရသည်။

AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်က ပေါက်တောမြိုနယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှနေ၍ မွတ်ဆလင်လူမျိုးများနေထိုင်ရာ စစ်တွေမြို၊ ကသဲရပ်ကွက် အတွင်းသို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှုကြောင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင်ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲများက စစ်တွေမြိုနယ်၊ ဆေးရုံကြီး အရေးပေါ်ပိုဆောင်၍ ဆေးကုသပေးခဲ့ရကြောင်း သိရှိရသည်။