ရွှေမုဋ္ဌော ကျောင်းတိုက်တွင် တပ်ဖွဲ့ဝင် ၆ ဦးသေတယ်လို့ Mizzima မှ သတင်းအတုရေး

စက်တင်ဘာလ ၁ ရက်နေ့ ည ၈နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် ရှိ ၊ ရွှေမုဋ္ဌော ကျောင်းတိုက်တွင် တပ်စွဲနေသည့် တပ်မတော်သားများ ကင်းပုန်းတိုက်ခိုက်ခံရပြီး စစ်သား ခြောက်ဦး သေဆုံးကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် ရှိ ၊ ရွှေမုဋ္ဌောကျောင်းတိုက်တွင် တပ်စွဲနေသည့် တပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Mizzima မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်သတင်းအတုလုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါသည်။