ငွေကျပ် သိန်း ၁၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် မိတ္ထီလာမြို့၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တိုတွင် စက်တင်ဘာလ (၃) ရက်က တစ်ရက်တည်း ငွေကျပ် သိန်း (၁၃၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ၀က်ဝံကျေးရွာအနီးတွင် စက်တင်ဘာလ (၃)ရက် နံနက် (၅) နာရီခွဲ အချိန်ခန့်က မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့သည်။