ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ

ဇွန်လ ၂၃ ရက်နေ့ ည ၁၉၁၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှကြည် (၇၇)နှစ် သည် ယာဉ်အမှတ် YGN -11 4H-2351 Toyota Surf အဖြူရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို ပြန်လာစဉ် စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက်၌ ဆိုင်ကယ်(၁)စီးဖြင့် PDF အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်၏ ယာဘက် ရှေ့ လေကာမှန်ကွဲအက်ပျက်ဆီး၊ ဦးလှကြည် ၌ ယာရင်ဘတ် ထိမှန်ဒဏ်ရာ (၂)ချက်၊ ယာနံဘေး ထိမှန်ဒဏ်ရာ (၁) ချက်၊ ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဖျက်မိစ္ဆာ NUG (NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးလှကြည်မှာ ဇွန်လ ၂၃ ရက်နေ့ ည ၂၀နာရီ ၁၀ မိနစ်ခန့်က ဆုံးပါးသွားကြောင်း သိရသည်။