နွေဦးတော်လှန်ရေးသရုပ်အမှန်


သင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာနဲ့ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြဖို့ ပြင်ဆင်လျက်ရှိနေကြပါတယ်။
.
ဒီလိုပြင်ဆင်နေမှုတွေကို မနာလိုမရှုစိမ့်တဲ့ အကြမ်းဖက်သမားတွေက ဖောက်ခွဲဖျက်ဆီးမှုတွေလုပ်မယ်လို့ ခြိမ်းခြောက်နေတဲ့အပြင် ကြိုတင်ဖောက်ခွဲတိုက်ခိုက်မှုတွေလည်း လုပ်နေတာ တွေ့ရပါတယ်။

ပြည်သူတွေ တည်ငြိမ်အေးချမ်းစွာနဲ့ လွတ်လပ်ပျော်ရွှင်နေရင် သူတိုတော်လှန်ရေး မအောင်မြင်ဘူးလို့ ယူဆနေကြတဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်က စစ်ကောင်စီနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မဟုတ်ဘဲ ပြည်သူတွေဖြစ်နေတာကို စိတ်မကောင်းဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

ကိုယ်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပြည်ပထွက်ပြေး၊ တောခိုသူပုန်ဖြစ်သွားတဲ့သူတွေက မြို့ပေါ်က အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တစ်ခု သာဖြစ်ပါတယ်။

ယခုလိုမျိုး လေထဲကနေနှောက်ယှက်ဖျက်စီးနေတဲ့အကြမ်းဖက်အားပေး မသမာသူများအားယုံကြည်လက်ခံစရာမလိုပါဘူး။
.