ဖာပွန်တိုက်ပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးတယ်လို့ Khit Thit နဲ့ RFA မှ သတင်းအမှားရေး

နိုဝင်ဘာလအတွင်း ဖာပွန်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ KNLA/ PDF အဖွဲ့များ ထိတွေ့တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit နဲ့ RFA တို့မှ တိုက်ပွဲ (၆၇)ကြိမ်ဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရတယ်ဆိုပြီး အများပြည်သူများ အထင်မှားအောင် ပုံကြီးချဲ့၍ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။