ယာဉ်တန်းမိုင်းဆွဲခံရ၍ ၃ ဦး သေဆုံးတယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

အောက်တိုဘာ ၄ ရက်နေ့လယ် ၁ နာရီ ကျော်မှာလည်း တောင်သာမြို့ကနေ နွားထိုးကြီး မြို့နယ်ထဲကို ထွက်ခွာလာကြတဲ့ စစ်ကား ၃ စီးကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက တောင်သာ-နွားထိုးကြီးကား လမ်းပိုင်း တနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်ကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ အောက်တိုဘာလ ၄ ရက်နေ့၌ တောင်သာ-နွားထိုးကြီးကားလမ်းပိုင်းတွင် စစ်ကားများမောင်းနှင်ဖြတ်သန်းသွားစဉ် လမ်းဘေးမှ အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ မြေလတ်အသံ မှ အများပြည်သူများ အထင်အမြင်လွဲမှားစေရန် ပုံကြီးချဲ့ပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါသည်။