ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်ပိုမှု ရုရှားရပ်ဆိုင်း

အောက်တိုဘာ ၁၆ နေ့တွင် ရုရှားအနေဖြင့် ဂျပန်၏ပင်လယ်စာတင်ပိုမှုအား တရုတ်ကဲ့သိုပင်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှားစိုက်ပျိုးရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲကပြောကြားခဲ့သည်။

ဂျပန်သည် ဆူနာမီဘေးသင့် ဖူကူရှီးမားနျူစက်ရုံမှရေဆိုးများကို ဩဂုတ်လမှစ၍ စတင်စွန့်ထုတ်ခဲ့ရာ ပြည်တွင်းပြည်ပကန့်ကွက်မှုများရှိခဲ့သော်လည်း ဂျပန်အစိုးရကမူ ၎င်းရေဆိုးများသည် အဏ္ဏဝါဗေဒစနစ်အတွက်ထိခိုက်မှုမရှိနိုင်ကြောင်းပြောကြားခဲ့သည်။ သိုသော်တရုတ်က ဂျပန်၏ရေထွက်ပစ္စည်းများတင်ပိုမှုကိုရပ်ဆိုင်းခဲ့သည်။ ယခုအခါ ရုရှားကပါထပ်မံရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

crd;