နဂါး NUG ကိုဝေဖန်နေတာ ဘာကြောင့်လဲ?

ပန်ဆယ်လိုနဲ့ လိုင်းပေါ်မှာ ပွဲဖြစ်နေတဲ့ နဂါးဟာ အရင် ပြဿနာတွေဖြစ်ပြီး နောက်ပိုင်း EAOs အဖွဲ့တခုကို သွားရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကိုလည်း လူတိုင်းသိပြီးသားဖြစ်မှာပါ။ အခုတော့ အဆိုပါ ESOs အဖွဲ့ကနေ သူနေရာကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။ ဒီလိုပြန်ရောက်ဖို့ဆိုတာ လွယ်လွယ်ကူကူတော့ မဖြစ်နိုင်ပါဘူး…သူသွားရောက်ခဲ့တဲ့ အဖွဲ့ကလည်း တပ်မတော်နဲ့ အဆင်ပြေနေတဲ့အဖွဲ့ ဒီတော့…….ဘာကြောင့်လဲ? ပြန်ရောက်လာပြီးနောက်ပိုင်း နဂါးအနေနဲ့ NUG နဲ့ သူတို့အဖွဲ့အစည်းတွေကို ဝေဖန်နေတာတွေကို ဆက်တိုက် တွေ့လာရပါတယ်….ပန်ဆယ်လိုရဲ့ ပြောဆိုချက်ထဲမှာ နဂါးအနေနဲ့ ဂြိုလ်တုဖုန်း ကိုင်ဆောင်နေတယ်လို့ပါ ထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်…ဒီလို သူတို့ရဲ့ အကွဲအပြဲတွေများနေတဲ့ တော်လှန်ရေးမှာ လျှို့ဝှက်တွေတွေကလည်း များပြားနေပါတယ်….ပန်ဆယ်လိုကလည်း နဂါးအကြောင်း သူသိသမျှပြောချနေတာဆိုတော့…နဂါးဆိုတာ…အခုဘယ်အဖွဲ့အစည်းအောက်ရဲ့ ထိန်းချုပ်မှုတွေ အောက်ရောက်နေပြီလဲ? ကြာလာလေလေ သူတို့ရဲ့ အတွင်းထဲက အကွဲအပြဲလျှို့ဝှက်ချက်တွေက စိတ်ဝင်စားစရာတွေ ဖြစ်လာနေပြီ…….