ဒေသခံ ၃၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားတယ်လို့ Khit Thit မှ သတင်းအတုရေး

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာမှ အသက် ၁ နှစ်အောက် ကလေးငယ် ၃ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ၂၄ နာရီကြာ အစာမကျွေးဘဲ ဖမ်းဆီးထားခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၂၃ ရက်မှာ မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာတွင် လက်ရှိအချိန်ထိ ဒေသခံများအေးချမ်းစွာ နေထိုင်လျက်ရှိပြီး ရွာသားများ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးတာမျိုးမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အပုတ်ချကာ အများပြည်သူများ မုန်းတီးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဇာတ်ဆင်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။