ရေဦးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရ၍ ၆ ဦး သေဆုံးတယ်လို့ DVB မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ တိုင်းရင်းဆေးရုံကထွက်လာတဲ့ ခမရ ၇၀၁၊ ၇၀၈ နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို အောက်တိုဘာ ၁၈ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း (YE U People’s Defence Force) ဆီက သိရပါတယ်။ မနက် ၆ နာရီခွဲလောက် သဲတောမူးအနီးမှာ မိုင်း ၁ လုံး၊ မနက် ၁၀ နာရီ ၅၅ မိနစ် လောက် လက်တန် ၁ အနီးမှာ မိုင်း ၁ လုံး၊ နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက် ယူကလစ်ခြံနဲ့ လက်တန် ၅ မြောင်းခွဲကြားမှာ မိုင်း ၁ လုံး စုစုပေါင်း မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ DVB မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလ ၁၈ ရက်နေ့၌ ရွှေဘိုခရိုင်၊ ရေဦးမြို့ တိုင်းရင်းဆေးရုံအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ DVB မှ ဖြစ်စဉ်အမှန်မရေးဘဲ မိုင်းဆွဲခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်ဆိုပြီး အပုတ်ချကာ စိတ်ကူးပုံဖော်၍ ရေးသားထားခြင်းသာဖြစ်ပါသည်။