မင်္ဂလာရှိသော နံနက်ခင်းလေးပါ

မေတ္တာကိုချွန်ထက်နေအောင်
သွေးထားပါတယ် ။

သည်းခံမှုကို ကျောက်တောင်ပမာ
တည်ဆောက်ထားပါတယ် ။

အပြုံးလည်းမပျက်သလို
အမုန်းတွေလည်း မဆက်ပါဘူး ။

တိုက်ခိုက်သူရှိလာရင်လည်း
၀ဋ်ကြွေးဆပ်ရသလို လက်ခံမယ် ။

သူများစိတ်ထားမကောင်းလည်း
မေတ္တာမပျက် ဆက်ဆံမယ် ။

တိုတိုလေးသောဘ၀မှာ
အမုန်းကင်းကင်း ၀ဋ်ကြွေးပြေပြေပဲ
အနေချမ်းသာဖို့ပဲ ကြိုးစားပါတယ် ။

ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ
ကိုယ်တိုင်ပဲသိလို့

ကိုယ့်စိတ်ကိုပဲ ဖြူအောင်နေပြီး
ကြည်ညိုထိုက်အောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏