လက်နက်ဖြင့် PDF ၁၂ ဦး အလင်းဝင်

တမူးမြို့၊ ခန္တီးမြို့၊ ဖောင်းပြင်မြို့၊ ကလေးမြို့၊ မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၂ ဦးသည်-

-MK-12 မောင်းပြန်ရိုင်ဖယ် ၁ လက်
-Stallion PA-100 Short Gun မောင်းပြန်ရိုင်ဖယ် ၁ လက်
-KUZAY-GN 19 ပစ္စတို ၁ လက်တိုနှင့်အတူ သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများထံအပ်နှံပြီး အလင်းဝင်ရောက်ခဲ့။

ဖေဖော်ဝါရီလ ၂၉ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၅၇၇ ဦးနှင့် အမျိုးသမီး ၁၅၈ ဦး၊ စုစုပေါင်း ၇၃၅ ဦးရှိပြီဖြစ်ကြောင်းလည်းသိရပါတယ်။