ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီ ၂၉ ရက်။ 💥💥💥💥💥💥💥

တာမခံ၊ ဆည်ဇင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆည်ဇင်း တာမခံတပ်စခန်းသို့ နေရာ ၂ နေရာမှ KIA နှင့် PDF ၃၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၃ နေရာမှ အင်အား ၈၀ ဦးခန့်က ၂ ကြိမ်၊ စုစုပေါင်း ၃ ကြိမ်၊ Drop Bomb များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

Drone ၄ စီး သိမ်းဆည်းရမိ။

ဖားဆောင်း

ကယားပြည်နယ် ဖားဆောင်းမြို့မရဲစခန်း၊ ရတနာမာန်အောင်ဘုရားကုန်း၊ နမ့်ဟူးဘုရားကုန်း၊ ဖားဆောင်းတံတား၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နေရာများသို့ KNPP/KNDFနှင့် PDF ပူးပေါင်းအင်အား ၉၀ ဦးခန့်၊ ၆၀ ဦးခန့်၊ ၁၂၀ ဦးခန့်၊ ၁၄၀ ဦးခန့်တို့က စတင်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ဆီဆိုင်

ရှမ်းပြည်(တောင်ပိုင်း) ဆီဆိုင်မြို့ဆေးရုံအတွင်း နယ်မြေရှင်းလင်းစဉ် KNDF/PNLOနှင့် PDF ပူးပေါင်းအင်အား ၄၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

တန့်ဆည်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ရွာသစ်ကုန်းကျေးရွာအနီးသို့ အရောက် နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်က စတင်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ကျင်ဒွေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးနယ်မြေရဲစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက် ၆၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရေစကြို

မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် PDF ၁၅ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

အလောင်း ၁ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ ကျည် ၃ တောင့်၊ အိုင်ကွန် ၂ လုံး သိမ်းဆည်းရမိခဲ့။

ပေါက်

မကွေးတိုင်း၊ ပေါက်မြို့နယ် တပ်ကုန်းရွာဝန်းကျင်တစ်ဝိုက်နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် PDF ၂၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

အလောင်း ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၀ တောင့်၊ လက်လုပ်ဗုံးသီး ၁ လုံး၊ လက်လုပ်မိုင်း ၂၄ လုံး၊ ရီမု ၁ ခု သိမ်းဆည်းရမိခဲ့။

ပေါင်းတည်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အောင်သပြေကျေးရွာ၏ အနောက်မြောက်ဘက်သို့အရောက် မိုင်းထောင်နေသည့် အကြမ်းဖက်သမား ၁ ဦးအား တွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးခဲ့။

အကြမ်းဖက် ၁ လောင်း၊ လက်လုပ်မိုင်း ၁ လုံး၊ ဝါယာကြိုးခွေ ၁ ခွေ၊ ဆိုင်ကယ်ဘက်ထရီ ၁ လုံး သိမ်းဆည်းရမိခဲ့။ #Crd