အရာတော်မြို့နယ်မှာရှိတဲ့ရွာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များကမီးရှို့တယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းကစတင်ကာ စစ်တပ်ကအရာတော်မြို့နယ်ရှိ မလဲသာ၊ ကန်ရင်း နှင့် ညောင်ပင်ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဒေသပြည်သူများသည် ကန်ရင်းကျေးရွာ အတွင်းကိုသာဝင်ရောက်နိုင်ပြီး နေအိမ် ၅၀ ကျော်ကို စစ်တပ်ကမီးရှို့ဖျက်ဆီးသွားကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၁ ရက် နေ့ ရွေးရင်းရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် PDF ၄ လောင်း၊ လက်လုပ် သေနတ် ၂ လက်၊နှင့် ဆက်စပ်ပစ္စည်းများ စစ်တပ်ဘက်ကရရှိခဲ့ပြီး PDF များဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ PDF များယုတ်မာမှုကိုဖုံးကွယ်ချင်တာနဲ့ တိုက်ပွဲဖြစ်တာမဖော်ပြဘဲ စစ်တပ်က ရွာတွေကိုမီးရှို့တယ်လို့ သတင်းအမြတ်ထုတ်ကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK