ခလယ်တံခွန်တိုင်ရဲစခန်းမှာ စစ်သား ၄ ဦးသေတယ်ဆိုပြီး Khit Thit မှ သတင်းအတုရေး

ဩဂုတ်လ ၁၅ ရက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော ခလရ(၂၈၄) စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသေတယ်ဆိုပြီး စိတ်ကူးပုံဖော်ကာ တပ်မတော်ကိုတမင်အပုတ်ချကာအများအထင်လွဲမှားအောင်ရေးသားထားခြင်းဖြစ်ပါသည်။